78.8K subscribers
26.8K photos
2.02K videos
250 files
11.5K links
တိကျမှန်ကန် PAN

Viber 📬 09772979725
Email 💌 ...

Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK and Viber Channel. Wellcome to PAN.
Download Telegram
အမေရိကန်အစိုးရ၏ လက်နက်ခဲယမ်းအကူအညီ ထက်ဝက်ခန့်ကို ယူကရိန်းက မှောင်ခိုဈေးကွက်များ၌ ရောင်းချ ဟု ဆို
******************
(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၃

အမေရိကန်အစိုးရ၏ လက်နက်ခဲယမ်းအကူအညီများအနက်မှ ထက်ဝက်ခန့်ကို ယူကရိန်းနိုင်ငံက မက္ကဆီကို မူးယစ်ဂိုဏ်းများအပါအဝင် နိုင်ငံတကာမှောင်ခိုဈေးကွက်များ၌ ရောင်းချခဲ့သည်ဟု အမေရိကန် သတင်းထောက်တစ်ဦးက ပြောသည်။

အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံသို့ ဒေါ်လာဘီလီယံ ရာပေါင်းများစွာ တန်ဖိုးရှိ လက်နက်ခဲယမ်းများကို ထောက်ပံ့ပေးအပ်ခဲ့သော်လည်း ယင်းလက်နက်များအနက်မှ ထက်ဝက်ခန့်မှာ အမေရိကန်အစိုးရ၏ တကယ့်ရန်သူများဖြစ်သည့် မူးယစ်ဆေးဝါးဂိုဏ်းများထံသို့ ရောက်ရှိသွားကြောင်း အမေရိကန်သတင်းထောက် တက်ခါကာဆန် က အမေရိကန်ကြည်းတပ်မှ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးလည်း ဖြစ်သူ အီရတ်နှင့်အာဖကန် စစ်ပြန်လည်းဖြစ်သည့် ဒန်းနီယယ်ဒေးဗစ်နှင့် ဖေဖော်ဝါရီလ ၁၀ ရက် က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမေရိကန် က....

Webpage >>...
https://positiveanglenews.com/2025/02/13/အမေရိကန်အစိုးရ၏-လက်နက်ခ/

VK Link>>...
https://vk.com/wall-220066330_10759

Telegram»...
https://t.iss.one/positiveanglenews

#PAN
ဂျပန်နိုင်ငံတက္ကသိုလ်မှ ပါမောက္ခနှစ်ဦးမှ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ ဟောပြောသွားမည်
***********************
(ပြည်တွင်း) ဖေဖော်ဝါရီ ၁၃

ဂျပန်နိုင်ငံ တက္ကသိုလ်မှ ပါမောက္ခနှစ်ဦးက ရန်ကုန်တွင် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ ဟောပြော သွားမှာဖြစ်ပြီး MJC Academic Seminar (Series-1) ကို ဖေဖော်ဝါရီလ ၂၇ ရက်တွင် Park Royal Hotel ၌ ပြုလုပ်သွား မယ်လို့ Myanmar Japan Center က အသိပေးထားကြောင်း သိရပါတယ်။

ဟောပြောပေးသွားမည့် Agriculture & Rural Development ခေါင်းစဉ်အောက်၌ ဂျပန်နိုင်ငံမှ ဆရာကြီး Dr.Akio Takahashi (ဒေါက်တာ အောင်ကိုဆွေ) (Professor Emeritus of the University of Tokyo, Research Fellow of the Oriental Library) က "Myanmar Villages from the viewpoint of a Japanese Villager"ခေါင်းစဉ်ဖြင့် ဂျပန် ကျေးလက်နေရွာသား တစ်ယောက်ရှုထောင့်မှ ဂျပန်နိုင်ငံ၏ ကျေးလက်ဒေသနှင့် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသကို နှိုင်းယှဉ်....

Webpage >>...
https://positiveanglenews.com/2025/02/13/ဂျပန်နိုင်ငံတက္ကသိုလ်မ/

VK Link>>...
https://vk.com/wall-220066330_10760

Telegram»...
https://t.iss.one/positiveanglenews

#PAN
ပန်းသာကျေးရွာအနီး တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွား
***********************
(ပြည်တွင်း) ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ပန်းသာကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက် PDF များ ဖေဖော်ဝါရီ ၁၂ ရက် နေ့လည် ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲမှ အကြမ်းဖက် PDF ၄ လောင်း၊ Type-81 သေနတ် ၄ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၂၀ တောင့်....

Webpage >>...
https://positiveanglenews.com/2025/02/13/ပန်းသာကျေးရွာအနီး-တပ်မတ/

VK Link>>...
https://vk.com/wall-220066330_10761

Telegram»...
https://t.iss.one/positiveanglenews

#PAN
မကျီးကွင်းအုပ်စု အုပ်ချုပ်ရေးမှူးတို့ ဇနီးမောင်နှံအား အကြမ်းဖက် PDF များမှ သတ်ဖြတ်
***********************
(မှုခင်း) ဖေဖော်ဝါရီ ၁၃

ပဲခူးဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မကျီးကွင်းအုပ်စု အုပ်ချုပ်ရေးမှူးတို့ ဇနီးမောင်နှံအား ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF များမှ သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် မကျီးကွင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ဇနီးဒေါ်စန်းစန်းတို့သည် ၎င်းတို့၏နေအိမ်တွင်ရှိနေစည် အကြမ်းဖက် PDF ၄ ဦးတို့ရောက်ရှိလာပြီး သေနတ်ဖြင့် ဝင်ရောက်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆ မတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ”ဟူသည့်.....

Webpage >>...
https://positiveanglenews.com/2025/02/13/မကျီးကွင်းအုပ်စု-အုပ်ချ/

VK Link>>...
https://vk.com/wall-220066330_10762

Telegram»...
https://t.iss.one/positiveanglenews

#PAN
Media is too big
VIEW IN TELEGRAM
ဗိုက်ကြီးသည်နဲ့ အသက်မပြည့်တဲ့ကလေးငယ်တွေကို စစ်မှုထမ်းဖို့ AA ပေါ်တာဆွဲနေ

#pan_Broadcasting
Media is too big
VIEW IN TELEGRAM
မွန်လူမျိုးတွေအနေနဲ့ မိမိနိုင်ငံတော်ကြီးကို အမှန်တကယ်ချစ်မြတ်နိုးပြီး အချင်းချင်းသံသယစိတ်ကင်းရှင်းစွာနဲ့ အပြန်အလှန်လေးစားညီညွတ်လျက်အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် စိတ်ကောင်းစေတနာအပြည့် ဇွဲ၊ လုံ့လ အပြည့်နဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောဆိုလိုက်ပါတယ်။

#pan_Broadcasting
ပထမဆုံးအကြိမ် ၄ ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့ ရာဒူကာနူ
****************************
(အားကစား) ဖေဖော်ဝါရီ ၁၃

ဗြိတိန်တင်းနစ်မယ် ရာဒူကာနူဟာ ကာတာအိုးပင်း ပထမအဆင့်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားဘဝ ပထမဆုံးအကြိမ် ၄ ပွဲဆက်တိုက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။

ရုရှားတင်းနစ်မယ် အဲလက်ဇန်ဒရိုဗာနဲ့ ယှဉ်ပြိုင် ခဲ့ရတဲ့ ကာတာအိုးပင်း ပထမအဆင့်ပွဲမှာ ရာဒူကာနူ က ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အဲလက်ဇန်ဒရိုဗာ က အမှတ်တွေ ပြန်လည်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အဲလက်ဇန်ဒရိုဗာက ၆း၃၊ ၇း၅ ဆိုတဲ့ ရလဒ်နဲ့အနိုင်ရခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက် သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒိုဟာမှာ ကျင်းပတဲ့ အခုပြိုင်ပွဲကို ယူအက်စ်အိုးပင်း ချန်ပီယံဟောင်း ရာဒူကာနူအနေနဲ့ လက်ရည်စစ်ပွဲကစားစရာမလိုဘဲ အလိုအလျောက်ဝင်ခွင့်ရခဲ့ပေမဲ့ အခုနှစ်အစပိုင်းမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ရာဒူကာနူ ဟာ စောစောစီးစီးပဲ ပြိုင်ပွဲကနေ ထွက်လိုက်ရပါတယ်။

ဩစတြေးလျအိုးပင်း...

Webpage >>...
https://positiveanglenews.com/2025/02/13/ပထမဆုံးအကြိမ်-၄-ပွဲဆက်ရှ/

VK Link>>...
https://vk.com/wall-220066330_10767

Telegram»...
https://t.iss.one/positiveanglenews

#PAN
ရာသီမကုန်ခင်မှာပဲ MNL အမှတ်ပေးချန်ပီယံဖြစ်ခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်း
***********************
(အားကစား) ဖေဖော်ဝါရီ ၁၃

၂၀၂၄-၂၅ ရာသီ MNL ပြိုင်ပွဲမှာ ရှမ်းယူနိုက်တက်အသင်းက ပွဲစဥ်မကုန်မီမှာပင် အမှတ်ပေးချန်ပီယံဆု ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်ကကစားခဲ့တဲ့ပွဲစဉ်မှာ ရှမ်းယူနိုက်တက်အသင်း က ISPE အသင်းကို ၅ ဂိုးပြတ် နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပွဲစဉ် ၁၉ ပွဲမှာ ရမှတ် ၅၃ မှတ်နဲ့ လက်ကျန်သုံးပွဲအလိုမှာပဲ ဒုတိယနေရာမှ ရန်ကုန် ယူနိုက်တက်အသင်းကို ၁၁ မှတ်ဖြတ်ကာ ဗိုလ်စွဲခဲ့တယ်လို့ သိရပါတယ်။

ရှမ်းယူနိုက်တက်အသင်းက MNL ပြိုင်ပွဲမှာ နောက်ဆုံးငါးရာသီဆက် အပါအဝင် ခြောက်ကြိမ်မြောက် ဗိုလ်စွဲ ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက်အအောင်မြင်ဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။

ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ၂၀၁၇၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄-၂၅ ရာသီများမှာ.....

Webpage >>...
https://positiveanglenews.com/2025/02/13/ရာသီမကုန်ခင်မှာပဲ-mnl-အမှတ/

VK Link>>...
https://vk.com/wall-220066330_10768

Telegram»...
https://t.iss.one/positiveanglenews

#PAN
အသင်းပြဿနာကိုမဖြေရှင်းနိုင်တဲ့အတွက် အပြစ်ရှိတယ်လို့ဝန်ခံခဲ့တဲ့ ဂွါဒီယိုလာ
***********************
(အားကစား) ဖေဖော်ဝါရီ ၁၃

ဦးဆောင်ဂိုးတွေရခဲ့ပေမယ့် ချေပဂိုးတွေ ပြန်ပေးခဲ့ရတဲ့ အသင်းရဲ့ပြဿနာကို မဖြေရှင်းနိုင်မှုအတွက် သူ့ကိုပဲ အပြစ်တင်သင့်တယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က ပြောကြားပါတယ်။

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ရီးရဲလ်အသင်းနဲ့ပွဲစဉ်မှာ ပွဲချိန် ၈၅ မိနစ်အထိ ၂ ဂိုး၊ ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လက်ကျန်မိနစ်တွေအတွင်း ချေပဂိုးအပြင် ဘယ်လင်ဟမ်ရဲ့ အနိုင်ဂိုး သွင်းယူမှုကို ခွင့်ပြုပေးလိုက်ရပြီး ပွဲအပြီးမှာ ရှုံးနိမ့်ခဲ့ရပါတယ်။

မန်စီးတီးအသင်းအနေနဲ့ အခုရာသီအတွင်းပြိုင်ပွဲစုံမှာ ဦးဆောင်သူအနေအထားကနေ ရှုံးနိမ့်ခဲ့တဲ့ ၅ ပွဲမြောက် ပွဲလည်းဖြစ်ခဲ့ပါတာကြောင့်...

Webpage >>...
https://positiveanglenews.com/2025/02/13/အသင်းပြဿနာကိုမဖြေရှင်း/

VK Link>>...
https://vk.com/wall-220066330_10769

Telegram»...
https://t.iss.one/positiveanglenews

#PAN
လေ့ကျင့်ရေးမှာ ဒဏ်ရာရခဲ့တဲ့ ကိုင်ဟာဗက်ဇ်
***********************
(အားကစား) ဖေဖော်ဝါရီ ၁၃

အာဆင်နယ်အသင်းတိုက်စစ်မှူး ကိုင်ဟာဗက်ဇ် ဟာ ဒူဘိုင်းကိုသွားရောက်ခဲ့တဲ့ လေ့ကျင့်မှုအတွင်း ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဟာဗက်ဇ် ရဲ့ ဒဏ်ရာအခြေအနေကို သေချာမသိရသေးပေမဲ့ ကြွက်သားဒဏ်ရာဖြစ်နိုင်ပြီး နောက်ထပ် ဆေးစစ်မှုတွေ ထပ်မံခံယူရဦးမယ်လို့ အာဆင်နယ်အသင်းနဲ့ နီးစပ်တဲ့ရင်းမြစ်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ် အတွင်း ပွဲကစားဖို့မရှိတဲ့ အာဆင်နယ်အသင်းဟာ ဒူဘိုင်းကို သွားရောက်ပြီးလေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ အာဆင်နယ်အသင်း အင်္ဂလန်ကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် တိုက်စစ်က ဂျီးဆပ် နဲ့ ဆာကာ တို့ ဒဏ်ရာကြောင့်မကစားနိုင်ချိန် ဟာဗက်ဇ် ရဲ့ဒဏ်ရာသတင်းက....

Webpage >>...
https://positiveanglenews.com/2025/02/13/လေ့ကျင့်ရေးမှာ-ဒဏ်ရာရခဲ/

VK Link>>...
https://vk.com/wall-220066330_10770

Telegram»...
https://t.iss.one/positiveanglenews

#PAN